ဒီခေါင်းစဉ်ကတော့ Airdrops တွေမှာ ငွေရင်းမလား အချိန်ရင်းမလားဆိုတဲ့ လူတွေအတွက်ပါ။ 

Play ဆိုတာကတော့ Airdrops တွေမှာ နေ့စဉ်ဝင်မယ်၊ အချိန်ပေးပြီး အလုပ်လုပ်မယ်၊ Refer လည်း တစ်ယောက်စ နှစ်ယောက်စပဲ ရှိချင်ရှိမယ်။ မရှိရင်လည်း မရှိဘူး။ ဒါမျိုးကိုပြောတာပါ။ အချိန်တွေရင်းရတာပေါ့ဗျ။ ဉပမာ ကျွန်တော့်လိုမျိုး။

Aridrops တွေအများကြီးရှိပါတယ်။ တချို့ Projects တွေက Play သမားတွေကို မကြည့်ကြဘူး။ တချို့ကျတော့ ကြည့်ကြပါတယ်။ ဒါက Porject အပေါ်မူတည်ပါတယ်။ နောက်ပိုင်း ကျွန်တော် Projects တစ်ခုချင်းစီ Guide Line ထွက်လာရင် အဲ့အကြောင်း အသေးစိတ်ပြောပေးပါမယ်။

1) Play or Tasks

တချို့ Project တွေကတော့ Tasks လုပ်တာကို ဉီးစားပေးပြီးကြည့်ကြပါတယ်။ ဉပမာ မြန်မာမှာ ခေတ်စားနေတဲ့ Pi Network လို Project မျိုးပါ။ အကောင့်တိုင်း KYC အောင်ဖို့ လိုမယ်။ နောက် Refer ကလည်း KYC အောင်မှ Points ရတာမျိုးပါ။ ဒါတောင် ရှိသမျှ Refer အကုန်လုံးက KYC အောင်မှာ Refer Points ရတာမျိုးဖြစ်ပါတယ်။ ဒါမျိုးကတော့ Play အစစ်ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ICE Network က ထွက်တဲ့ Project တွေပါ။ အဲ့ Project တွေက တစ်နေ့မှ တစ်ခါ Boost လုပ်ရတာမျိုးပါ။ သူလည်း တကယ့် Play Project ပါပဲ။ တကယ်လုပ်မှ တကယ်ရတာမျိုးပါ။ Tasks တွေ မလုပ်ရင် ကိုယ်က မရဘူးပေါ့ဗျ။ Lists ထွက်လာရင်လည်း ကိုယ်တိုင်လုပ်ထားတဲ့အတွက် ကျေနပ်မှုဖြစ်စေပါတယ်။

2) Pay

Pay Projects တွေကတော့ လက်ရှိ Ton Network အခြေစိုက် Project တွေပါ။ အဲ့ Project အများစုက Pay ဘက်ကို ပြောင်းလာကြပါတယ်။ Dogs လိုမျိုး Projects တွေမှာ လူတိုင်းလိုလို Tokens တွေ ရပေမဲ့ နောက်ပိုင်းတွေမှာ Ton ပေးမှတို့ Star တွေ သုံးထားမှတို့ နောက် Refer တွေ အများကြီးရှိမှတို့ (ဝယ်လို့ရ) စတာတွေဖြစ်လာပါတယ်။

ဒါကောင်းသလား မကောင်းဘူးလားဆိုတာကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။


အဲ့မှာ ငွေရင်းချင်တဲ့လူတွေက ဘာတစ်ခုသာလဲဆိုရင် TGE Lists ထွက်ခါနီးမှာ Refer တွေ အများကြီး ကောက်ဝယ်လိုက်ရင် ကိုယ်လို သူလို့ Refer အနည်းငယ်နဲ့ အချိန်များကြီး ဆော့ထားတဲ့လူထက် အရှေ့ကို ရောက်သွားပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ၊ သူကျ ငွေရင်းလိုက်ရပါတယ်။ Lists ထွက်ရင် အဲ့ ငွေရင်းတာနဲ့ ပြန်ရတာ ကိုက်မကိုက် အဲ့တစ်ချက်တော့ တွက်ရပါတယ်။

မိတ်ဆွေတို့ အနေနဲ့ Pay or Play?????

ဘာရွေးမလဲ????????


ငွေရင်း ငွေရကတော့ ရှင်းပါတယ်။ သေချာတဲ့ Projects ကို လိုက်ကြည့်၊ Lists ထွက်ဖို့ သေချာသလောက်ရှိနေပြီးဆို Refer/ Ton/ Star တွေ သုံးပြီး Points တွေ အများကြီးရအောင် ရှာပြီး Levels တွေ ခဏလေးနဲ့ ကျော်တက်တဲ့ နည်းကို သုံးလို့ရပါတယ်။

အချိန်ပဲ ရင်းမယ်ဆိုရင်လည်း အနည်းဆုံးတော့ ကိုယ့်ဆီမှာ Refer သုံးယောက်လောက်တော့ရှိသင့်ပါတယ်။ Refer ရှာမရဘူးဆို ကိုယ့်ဘာသာ SIM Card ဝယ်ပြီး ဖုန်းမှာ Telegram Account ပွားပြီး သုံးပါ။ တစ်ခုတော့ မှတ်ထားစေချင်ပါတယ်။ ဖုန်းတစ်လုံးမှာ အကောင့်သုံးခုထက်တော့ ပိုမပွားသင့်ပါဘူး။ ဖုန်းအပိုရှိတယ်ဆိုရင်တော့ ဖုန်းအပိုမှာ ပွားသုံးပါ။ 

Just for Knowledge Sharing.................