အခု မြန်မာပြည်မှာရော၊ ပြည်ပရောက် မြန်မာတွေရော အတော်များများ Airdrops Projects တွေမှာ ဝင်ရောက်ဆော့ကြတယ်။ ပိုက်ဆံတွေလည်း ရကြတယ်။ အဲ့ဒါမျိုးတွေ အလုပ်လုပ်ကိုင်လာကြပါတယ်။
အဲ့အတွက် အခုမှ စလုပ်မဲ့သူတွေ Airdrops Projects တွေကနေ ဘယ်လိုနည်းနဲ့ ပိုက်ဆံရအောင် ရှာရမယ်ဆိုတာလေးကို သိသလောက် မျှပေးလိုက်ပါတယ်။
Airdrops အကြောင်းမပြောခင်မှာ အင်တာနက်မှာ ဘယ်လိုနည်းတွေနဲ့ ငွေရှာကြတယ်ဆိုတာက စပြောရပါမယ်။
အင်တာနက်မှာ ငွေရအောင်ရှာတဲ့ နည်းလမ်းတွေ အတော်များပြားပါတယ်။ Airdrops ကလည်း အဲ့လိုမျိုး နည်းလမ်းတွေထဲက တစ်နည်းပါပဲ။
အင်တာနက်မှာ Youtubes လိုမျိုး Platforms တွေကနေလည်း လူကြည့်များအောင်လုပ်ပြီး ငွေရှာနိုင်ပါတယ်၊ နောက် ဖေ့ဘုတ်၊ TikTop စတဲ့ Socials Media တွေကို တစ်ဆင့်ခံသုံးပြီး ဝင်ငွေရအောင် ရှာရတာမျိုးပါ။ နောက် Game Steam တွေကလည်း ငွေရှာလို့ရပါတယ်။ စာအုပ်တွေရေးပြီး နောက် ကိုယ်တက်တဲ့ အတက်ပညာတစ်ခုခုကို ချပြပြီးလဲ ငွေရှာလို့ရပါတယ်။ နောက် Cryptos Currency တစ်ခုခုကို Trade လုပ်တာတို့၊ Steaking လုပ်တာတို့ကလည်း ပိုက်ဆံရှာလို့ရပါတယ်။ Forex Platform တွေသုံးပြီး ငွေကြေးယူနစ်တွေကို Trade ပြီးလည်း ပိုက်ဆံရှာနိုင်ပါတယ်။ တစ်ချို့က ငွေရင်းရတယ်၊ အတက်ပညာတွေရင်းရတယ်။ ပိုက်ဆံရအောင် ရှာရတာဖြစ်လို့ လွယ်တော့ သိပ်မလွယ်ကူပါဘူး။ ကဲ့ ဒါကတော့ အွန်လိုင်းပေါ်က ပိုက်ဆံဘယ်လိုရအောင် လုပ်မလဲ အခြေခံရဲ့ အသေးငယ်ဆုံး အစိတ်ပိုင်းတစ်ခုပါ။
Airdrops ဘက်ကို ပြန်သွားလိုက်ရအောင်နော်...........
Airdrops တွေရဲ့ ဘယ်လိုအလုပ်လုပ်လဲဆိုတော့... Internet မှာ Crypto Currency တစ်ခုခုကို စတင်ပြီး အသုံးပြုလို့ရအောင် ပိုင်ရှင်က Project တွေကို Communities ကို ချပြပါတယ်။ နောက် ဒါကို လူသိများအောင် တစ်ဖြည်းဖြည်းနဲ့ ချပြလာပါတယ်၊ နောက် အချိန်တစ်ခုမှာ Project အောင်မြင်လာပြီဆို Tokens (Coin) တွေကို Projects မှာ ပါတဲ့ လူတွေကို ခွဲဝေပေးတာမျိုးပါ။ အသေစိတ်က အနည်းငယ် ရှုပ်ထွေးသလို ဖြစ်တက်ပါတယ်။ Airdrops ကနေ ငွေကြေးအမြောက်များရသွားကြတာရှိသလို မရတဲ့လူတွေလည်း ရှိပါတယ်။ ကိုယ်က အောင်မြင်နိုင်တဲ့ Projects မှာ ပါဝင်ဖို့လိုအပ်လာပါမယ်။
နောက်တစ်ခု သိဖို့က အင်တာနက်မှာ ငွေလည်း ရင်းစရာမလို (အနည်းငယ်တော့ လို၊ နောက်ပိုင်း ပြန်ရှင်းပေးပါမယ်)၊ အချိန်တစ်ခုပေးပြီး ငွေရှာနိုင်တာ Airdrops လိုမျိုး စနစ်တစ်ခုပဲရှိပါတယ်။ အင်တာနက်မှာ Airdrops Projects ပေါင်း ထောင်နဲ့ ချီပြီးရှိပါတယ်။ ကျွန်တော်လည်း အကုန်လုံး လိုက်တော့ မလုပ်နိုင်ပါဘူး။ အခု နှစ်ဆယ်၊ သုံးဆယ်လောက်တော့ တစ်နေ့ကို အချန်တစ်နာရီကျော်ကျော်ပေးပြီး လိုက်လုပ်တာပဲရှိပါတယ်။ ကိုယ်တိုင်လည်း ပိုက်ဆံရပြီးခဲ့တာမို့ မိတ်ဆွေ သူငယ်ချင်းတွေကို ပြန်မျှပေးတာမျိုးပါ။ သိပြီး တက်ပြီးသား သူများကတော့ ဒီပို့စ်ကို ကျော်သွားလို့ရပါတယ်။
အောက်မှာ Airdrops နဲ့ ပက်သက်တဲ့ လိုအပ်ချက်လေးတွေ၊ နောက် သိသင့် သိထိုက်တဲ့ အသုံးနှုန်းလေးတွေကို ကျွန်တော် သိသလောက် ရှင်းပြပေးလိုက်ပါမယ်။
1) Exchange
Airdrops လုပ်တဲ့လူတိုင်း မိမိနဲ့ အဆင်ပြေရာ Exchange Accounts လိုအပ်ပါတယ်။ နာမည်ကြီးပြီး မြန်မာပြည်မှာ လူသုံးများတာကတော့ Binance, Bitget, OKX စတာတွေပါ။ ကျန်တဲ့ Exchange တွေလည်း ရှိပါသေးတယ်။ Exchange တွေပေါ်မှာ ကိုယ့်မှာရှိတဲ့ ကျပ်ငွေကို Cruptocurrency ကို ဝယ်လို့ရသလို ကိုယ့်မှာရှိတဲ့ Currency ကိုလည်း လဲလှယ်လို့ရမှာပါ။
Exchange တွေက KYC အောင်ဖို့လိုပါမယ်၊ ဒါမှ P2P ရောင်းဝယ်တာတို့လိုနေရာတွေမှာ အသုံးပြုလို့ရမှာပါ။ အဆင်ပြေဆုံး Exchange ကတော့ Binance ပါ။ နောက်မှ Bitget, OKX စတာတွေကို ရွေးလို့ရပါတယ်။
ကိုယ်က Airdrops Project တွေမှာ အင်တိုက် အားတိုက် ပါဝင်မဲ့ သူတွေဆို ဖွင့်လို့ရသမျှ Exchange တွေ ဖွင့်ပြီး KYC အောင်ဖို့ လိုအပ်ပါမယ်။
KYC အောင်ဖို့က မိမိဆီမှာ Passport or Driving Licens လိုအပ်ပါမယ်။ Face Scan လည်း ဖတ်တာမို့ အကောင့်တွေ ပွားထုတ်လို့တော့ မရနိုင်ပါ။ KYC အမြန်ဆုံရနိုင်တာကတော့ Driving Licens ပါပဲ။ Passport ကတော့ ဘာလို့လဲ မပြောတက် အနည်းငယ်ကြာတက်ပါတယ်။ ကျွန်တော်တော့ Driving Licens ပဲ သုံးများပါတယ်။
2) Wallet
အခုနောက်ပိုင်း Airdrops တွေဟာ Ton Network ခေါ် Telegram အခြေစိုက် Airdrops Projects တွေ များပြားလာပါတယ်။ ဒါကြောင့် Ton အခြေပြု Wallet လည်း အသုံးများလာပါတယ်။ လူသုံးများတဲ့ Ton Wallet တွေကတော့ Tonkeeper ပါ။ တခြား Wallets တွေလည်း ရှိပါသေးတယ်။ Tonkeeper ကတော့ အသုံးများဆုံးပါပဲ။ သူလည်း ဖုန်းထဲမှာ ထည့်ထားသင့်တယ်လို့မြင်မိပါတယ်။ Ton ကတော့ Telegram Founder ရဲ့ ငွေကြေးယူနစ်တစ်ခုပဲ ဖြစ်ပါတယ်။
3) Scam
Scam ဆိုတဲ့ အသုံးနှုန်းကတော့ လိမ်တာ၊ ဂျင်းထည့်တာကို ဆိုလိုတာပါ။ အင်တာနက်လို့ ကျယ်ပြန့်တဲ့ လောကမှာမှာ ဂျင်းတွေက အများကြီးရှိပါတယ်။ တချို့ Project တွေက Scam ဖြစ်သွားတာတွေရှိတက်ပါတယ်။ Scam ဆိုတဲ့ အသုံးနှုန်းက အင်တာနက်မှာတော့ ဂျင်းဖြစ်သွားတဲ့ နေရာတွေမှာ အဲ့သုံးနှုန်းသုံးပါတယ်။
4) Refer
Refer ဆိုတာ ကိုယ်ရဲ့ Friends တွေကို ပြောတာဖြစ်ပါတယ်။ ကိုယ့် Projects ရဲ့ Linkes ကနေ တဆင့်ဝင်တဲ့ လူတွေကို Refer လို့ ခေါ်ပါတယ်။ Communities Base Project ဖြစ်တာမို့ Refer များများရအောင် ရှာဖို့ လိုပါတယ်။ အရင်တစ်ချိန်ကတော့ Refer ရဖို့ အတော်ခက်ခဲခဲ့ပါတယ်။ အခုချိန်မှာတော့ Refer တွေကို သီးသန့်ရောင်းတဲ့ လူတွေရှိနေပါပြီ။ ကိုယ်က Projects မှာ Refer လိုချင်တယ်ဆို ဝယ်လိုက်လို့ရပါတယ်။ ဈေးကလည်း ၅၀၀ အောက် တစ်ချို ၆၀၀၊ ၇၀၀ လောက်ပဲ ရှိတာမို့ အဆင်ပြေတဲ့ အနေအထားတစ်ခုလို့ပြောလို့ရပါမယ်။
5) Tasks
Airdrops အတော်များများမှာ Tasks ဆိုတာလေးတွေရှိပါတယ်။ သူ့က ဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ Telegram Group ဝင်ခိုင်းတာတို့၊ Channel ဝင်ခိုင်းတာတို့၊ Youtubes ကြည့်ခိုင်းတာတို့၊ နောက် Airdrops Projects အသစ်တွေ ဝင်ကြည့်ခိုင်းတာတို့၊ နောက် Twitter မှာ Follow လုပ်ခိုင်းတာတို့ စတာမျိုးတွေပါ။ Tasks လုပ်ရင် ပွိုင့်တွေ တိုးပါတယ်။ ဒါကြောင့် Airdrops Projects လုပ်တဲ့ လူတွေက ကိုယ့်ဆီမှာ Twitter, Telegram, Facebook, Youtube, Discords စတဲ့ ဆော့ဝဲလ်တွေ လိုအပ်ပါတယ်။
6) TGE
Token Generation Event ပါ။ Projects တစ်ခုက လူတွေကို Coins တွေပေးတော့မယ်ဆို TGE Lists လုပ်တော့မယ်လို့ပြောကြပါတယ်။ TGE မှာမှ Binance မှာ Lists မယ်တို့ နောက် Wallets မှာ ပေးမယ်တို့ စတာမျိုးကို ဆိုလိုပါတယ်။
7) Star
Telegram Star တွေ၊ တချို့ Projects တွေက Telegram Star တွေသုံးပြီး ပွိုင့်တွေတိုး၊ Level တွေ တိုးပေးရတာမျိုးရှိပါတယ်။ Star တွေကို ကိုယ်တိုင်လည်း ဝယ်လို့ရသလို Reseller တွေက တဆင့်လည်း ဝယ်လို့ရပါတယ်။
8) Ton Transcription
Gas Fee or Ton Transcription ဆိုတာက Project တစ်ခုက လူတွေ ကွိုင်တွေထုတ်တော့မယ်ဆို Fee အနည်းငယ်ပေးရတာမျိုးကို ဆိုလိုပါတယ်။ တချို့က လိုတယ်၊ တချို့က မလိုပါဘူး။ ဒါကတော့ Project Owner နဲ့ပက် ဆိုင်ပါတယ်။ ဒါကြောင့် Airdrops လုပ်တဲ့လူတွေက Wallet မှာ Ton အနည်းငယ်ထည့်ထားဖို့တော့ လိုအပ်ပါတယ်။ 1 Tons ကို 5 USD ကျော်ကျော်လောက်တော့ရှိပါတယ်။
9) Pay or Play
ဒါကတော့ Airdrops လောက က စကားတစ်ခုပါ။ Pay လား? Play လား? Play ဆိုတာက Projects ရဲ့ Activities တွေမှာ ပါဝင်ပက်သက်တာပဲ ဖြစ်ပါတယ်။ သူလုပ်ခိုင်းတဲ့ Tasks တွေလုပ်တယ်၊ နေ့စဉ် ဝင်ကြည့်တယ်၊ Points တွေ ရအောင် စုတယ်။ ဒါမျိုးပါ။
Pay ဆိုတာကတော့ Ton တွေ ပေးပြီး Promote လုပ်တယ်၊ Star တွေနဲ့ Levels တွေ တင်တယ် ဒါမျိုးပါ။ Projects ပေါ်မူတည်ပါတယ်။ နောက် ကိုယ်ကလည်း Projects ကို ကိုယ်နဲ့ ကိုက်မယ်ထင်တာကို ရွေးတက်ဖို့ လိုအပ်ပါမယ်။
10) Daily Combo
Daily Combo ဆိုတာက တချို့ Projects တွေက နေ့စဉ် ပွိုင့်တွေ အများရအောင် လုပ်နိုင်တဲ့ ကဒ်တွေ၊ တစ်ခုခုကို လုပ်ပေးရတာမျိုးရှိပါတယ်။ ဒါကို Daily Combo လို့ခေါ်ပါတယ်။ နောက်ပိုင်း ကျွန်တော့် Telegram Channel မှာလည်း တင်ပေးသွားပါမယ်။ အခုတော့ Update လုပ်နေဆဲပါ။ ကိုယ့်ဘာသာ Google မှာ ရိုက်ရှာလည်းရပါတယ်။ Channels က ယူလိုက်တော့ အချိန်ကုန်သက်သာတာမျိုးပါပဲ။ ရှာတာက ရှာလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ Airdrops တွေက အချိန်ကို ရင်းရတာပါ။ ကိုယ့်ဘာသာ အချိန်ကို Manage လုပ်နိုင်တဲ့ လူတွေ လုပ်သင့်ပါတယ်။ နောက် သတင်းတွေကို တစ်ရက် တစ်ခါလောက် ကြည့်ဖို့ လိုပါမယ်။ ဒါက အင်တာနက်က ရှာနိုင်သလို နီးစပ်ရာ ဂရုတွေကလည်း ရှာရတာမျိုးပါ။ ကျွန်တော်လည်း တင်ပေးဖို့ရှိပါတယ်။
### Cryptocurrency က မြန်မာပြည် ဉပဒေမှာတော့ တရားမဝင်ပါဘူး။ ဒါကို အမြဲမှတ်ထားပါ။ Own Risks ပါပဲ။ စိတ်ဝင်စားမှ လုပ်ကြပါ။
ကျွန်တော့်ရဲ့ Telegram Channel လေး ဝင်ချင်တယ်ဆိုရင်တော့ အောက်မှာ လင့်ခ်ပေးထားပါတယ်။ အဲ့မှာ ဝင်ပေးပါ။ နောက်ပိုင်း Airdrops Project တစ်ခုချင်းစီရဲ့ အသေးစိတ် ဘယ်လိုလုပ်ရတယ်ဆိုတာလေးတွေကို Guide Line လုပ်ပေးဖို့ရှိပါတယ်။ TQ.......

0 Comments